Friday, November 5, 2010

Fine Art Photography ဆိုတာ ဘာလဲ??

ယုံကြည်အောင်မြင်မှု ရရှိထားပြီး ကိုးကား အားထားရသော site နှစ်ခုမှ Fine Art Photography
ကို ဖွင့်ဆိုရာတွင် စကားလုံး အနှစ်သာရ တူညီနေကြသည် ကိုတွေ့ ရပေသည်။
.
ကမ္ဘာ မှလက်ခံ ယုံကြည်မှု ရရှိထားသော သြဇာ ဂုဏ်သိက္ခာရှိသော Wikipedia မှ Fine Art
Photography ကို ယခုလို ဖွင့်ဆိုထားပါသည်၊ ပုံတို့၏ အရည်အသွေး မြင့်မားမှု ရရှိအောင်
Photographic ဖြင့် ထုတ်သည်ဆိုရာတွင် Professional တဦးခြင်းတို့၏ ဖန်တည်းမှုအမြင်
ဖြင့်ဆောင်ရွက်ထားသော ဖန်တည်းထားသည့် Photography ဖြစ်သည်။
.
Merriam ကတော့ Fine Art Photography ဆိုတာ လှပသော အရာဝတ္ထု ပုံရိပ် တခုကို
အခြေခံကျစွာ အနုပညာ နှင့် ပေါင်းစပ်ဖန်တည်းခြင်း ဖြစ်သည်ဟု ကျယ်ပြန့်စွာ ဖွင့်ဆို
ထားလေသည်၊ အထက်ပါ ကျယ်ပြန့်တဲ့ အခြေခံ ဖွင့်ဆိုချက်နှစ်ခုအရ လှပသိမ်မွေ့အောင်
ပြုလုပ်ထားတဲ့ မည်သည့်အရာ မဆို Fine Art Photography ရဲ့ အပိုင်းတခု ဖြစ်သည်၊ သို့သော်
ကြည့်သူ၏ မျက်စိတွင် လှပနေရပေမည်။ ထို့ကြောင့် Fine Art Photography ပြုလုပ်ဖန်တည်း
ရာတွင် သဘာဝတရား အတွင်း မှသာ ဖြစ်ရမည်။
.
ဒီဖွင့်ဆိုချက်တို့၏ တူညီမှုမှာ Find art photography ဆိုသည် အလှတရား ဖြစ်သည်၊ Wikipedia
၏ ပုံ၏ အရည်အသွေး ပိုမိုမြင့်မား သော Photographic နှင့်ထုတ်သည် ဆိုခြင်းသည် Merriam
၏ လှပသော အရာဝတ္ထု ဆိုသကဲ့သို့ပင် ဖြစ်သည်။
.
အချို့သော ကိုးကားစာအုပ်တို့၏ Fine Art Photography ဖွင့်ဆိုချက် တွင် ရောင်းချရန်
သို့မဟုတ် ပြသထားရန် Photographer ဖန်တည်းမှု အမြင် ပြုလုပ်ထားသော ပုံ ဟုဆိုသည်၊
ဤသည်လည်း Wikipedia ၏ Fine Art Photography နှင့် မထူးမခြားနားပင် ဖြစ်လေသည်။
.
အချို့သော Websites များဖြစ်သည့် movement in England နှင့် United States တို့၏
ဖွင့်ဆိုချက်ဖြစ်သည့် Fine art ဆိုသည်မှာ Camera ဖြင့် ဖန်တည်းထားသည် ဆိုသည်မှာလည်း
အထက်တွင် ဖေါ်ပြခဲ့သော ဖွင့်ဆိုချက်တို့ နှင့်တူပေသည်။
.
ထိုသို့ဆိုသော် Fine Art Photography ဆိုသည်မှာ ဘာလဲ? ဟု မေးခွန်း နှင့် ပတ်သက်၍
များစွာသော ဖွင့်ဆိုချက်များကြောင့် ပိုမိုရှုပ်ထွေးလာရသည်ဆိုသော်လည်း ဖငွ့်ဆိုချက်တို့သည်
လေးစားဖွယ်ပင်ဖြစ်သည်၊ ဓါတ်ပုံရိုက်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်သည် ဆိုသည်ကို
ကျွန်တော်တို့ အားလုံးလက်ခံပြီးဖြစ်သည်၊ သို့သော် အားလုံးသော ဓါတ်ပုံတို့ကို Fine Art
မဟုတ်ဆိုသည်ကို သင်လက်ခံပါသလား? သင်သေချာပေါက် လက်ခံနိုင်မည်မဟုတ်ပေ၊
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ အားလုံး Fine Art ဆိုသည်မှာ ကြည့်သူ၏
မျက်စိအမြင်တွင် လှပနေရမည် ဆိုသည်ကို သိထားကြ၍ ဖြစ်သည်၊ Fine Art သည်
အရာအားလုံးကို လှပအောင် သရုပ်ဖေါ်ခြင်း နှင့် အလှအပ ဆိုသည် မှာ လူတဦးစီ၏
ပိုမိုနှစ်သက်ခြင်း ပေါ်တွင် မူတည်သည်၊ ဓါတ်ပုံသမား တယောက်သည် သူ၏ပုံသည်
သူ၏ဖန်တည်းမှု အနုပညာ Fine Art ဟု ဆိုသော်လည်း အခြားသော ဓါတ်ပုံသမားတို့ နှင့်
ဝေဖန်ရေးဆရာ (critics) တို့က Fine Art မဟုတ်ဟု ဆိုကောင်းဆို နိုင်ပေသည်။
.
သို့ဖြစ်၍ Fine Art Photography ဆိုသည် မည်သည့် အရာဝတ္ထု မဆို တို့၏ ဓါတ်ပုံတခုမှ
ဖြစ်ပေါ်လာသည်၊ ပုံရိုက်ကူးသူ၏ မျက်လုံးအမြင်တွင် လှပနေသော အရာဝတ္ထုပုံဟု ဆိုလျှင်လည်း
လက်ခံ ရမည်ပင်ဖြစ်သည်။
Sky Blue

No comments:

Post a Comment