Knowledge


ဓါတ်ပုံ အမျိုးအစားများ ကိုလေ့လာခြင်း

ဓါတ်ပုံရိုက်ကူးခြင်း ဆိုသည်မှာ တန်ဖိုးကြီးမားသော အနုပညာတစ်ခုတွင်အပါအ၀င်ဖြစ်ပြီး ဓါတ်ပုံ အမျိုးအစား
ဆိုရာတွင် portraiture, landscape (သို့) glamour တို့အပြင် အခြားအမျိုးအစားများစွာ ရှိသေးသည်။ Professional
နှင့် amature ခေါ် အပျော်တမ်း ဓါတ်ပုံဆရာတို့သည် ဓါတ်ပုံအမျိုးအစား များစွာထဲမှ မိမိတို့စိတ်သန်ရာ
တမျိုးမျိုးကိုသာ ရိုက်ကူးလေ့ရှိကြပေသည်။ Professional photographer တို့သည် photojournalism၊ amature
photographer တို့သည် macrophotography စသည်ဖြင့် ပျော်ရွှင်စွာ ဖြင့် အချိန်ကုန်ဆုံးစေ ကြသည်။ အောက်ပါ
ဓါတ်ပုံ အမျိုးကွဲ တို့ကို လေ့လာရန် တင်ပြလိုက်ရပေသည်။
(1) Photojournalism
(2) Documentary Photography
(3) Action Photography
(4) Macrophotography
(5) Microphotography
(6) Glamour Photography
(7) Aerial Photography
(8) Underwater Photography
(9) Art Photography
(10) Portraiture
(11) Advertising Photography
(12) Travel Photography



Photojournalism

အပျော်တမ်းသမားတို့သည် ပုံမှန်လေကျင့်မှု မရှိပဲ ဤနယ်ပယ်တွင်းသို့ ၀င်ရောက်နိုင်သည်
ဆိုသော်ငြားလည်း professionals အဆင့်တွင်မှ photojournalism အတွက် အကန့်အသတ်များရှိသေးသည်၊
အဘယ့်ကြောင့်ဆိုသော် professionals တို့သည် photojournalism ဖြစ်ရန် ပုံမှန်လေ့ကျင့် သည်ဆိုရာ၌ serious photojournalists တို့သည် ၎င်းတို့၏ ပုံများကို ရိုက်ကူးစဉ် ပကတိအခြေအနေ၊ ဖြစ်ပျက်ပုံ၊ ရှုခင်းတို့ ကို အမိအရဖမ်းဆုပ်၍ ပြုပြင်ပြောင်းလဲမှုမရှိ တင်ပြနိုင်ရသည်။ Photojournalism ဖြစ်ရန်လိုအပ်ချက်များမှာ
- အဖြစ်အပျက်၊ အချက်အလက်ကိုသာ ရိုက်ရန် (ရိုက်ကူးထားသောပုံတွင် ပြောင်းလဲခြင်း (သို့)
ခြယ်သခြင်း မပြုရ။
- Photojournalism ပုံတို့သည် တိကျပြတ်သားရမည် သို့မှသာ သတင်းဖေါ်ပြရာတွင် ကြည့်ရှုသူတို့
ရှင်းလင်းစွာ ကြည့်နိုင်မည်။
နှစ်အတော်ကြာ အတွေ့အကြုံ နှင့် လေ့လာ လေ့ကျင့်မှုရှိမှသာလျှင် မိမိရလိုသော ပကတိ အဖြစ်အပျက်၊
မြင်ကွင်း၊ စိတ်လှုပ်ရှားမှု ကိုရရန် မည်သို့ လျှပ်တပြတ် ရိုက်ယူ ရမည်ကို သိရပေမည်။


 

Sample Photo Link from:
http://www.google.com.sg/images?hl=en&expIds=17259,25638,26637,27284,27357&xhr=t&q=photo+of+journalism&cp=19&rlz=1T4ACAW_enSG342SG348&wrapid=tljp1288603211395016&um=1&ie=UTF-8&source=univ&ei=kYbOTLuKPI7cvQPe__DMDw&sa=X&oi=image_result_group&ct=title&resnum=1&sqi=2&ved=0CCgQsAQwAA&biw=962&bih=461

Documentary Photography

Documentary Photographs များသည် အတိတ်မှ ဖြစ်ပျက်ခဲ့သည်များကို ပုံနှင့်မှတ်တမ်း တင်ပြခြင်း
ဖေါ်ပြခြင်း ပင်ဖြစ်သည်၊ Phptojournalism နှင့် Documentary photography တို့၏ အဓိကကွာခြားချက်မှာ Documentary photography ဆိုသည်မှာ ခေတ်တစ်ခု၏ နိုင်ငံရေး၊ လူမှုရေး တို့၏ သမိုင်းအထောက်အထား အမှတ်အသားတို့ကို မှတ်တမ်းတင်ထားသော ပုံတို့ဖြစ်ပြီး၊ Photojournalism Photography မှာ ရုတ်ခြင်းဖြစ်ပေါ်လာသော အဖြစ်အပျက် အထောက်အထား အချက်အလက် ပုံများဖြစ်သည်။ Documentary photographer တစ်ယောက်သည် မြို့တွင်း၊ မြို့ပြင်၊ အိုးမဲ့အိမ်မဲ့၊ အောင်ပွဲမှတ်တမ်း စသည်တို့ကို အပိုင်းလိုက် ဖြစ်စေ တခုစီဖြစ်စေ မှတ်တမ်းရိုက်ကူးပေလိမ့်မည်၊ မည်သည့်မျက်မှောက်ကာလနှင့် သက်ဆိုင်သောပုံ မဆို documentary Photography တွင် အကြုံးဝင်သည်။ Photojournalism နှင့် Documentary photography ပုံတို့သည် မှန်ကန်သော အထောက်အထား၊ မှတ်တမ်း၊ အဖြစ်အပျက် တို့ကို တင်ပြရာတွင် နည်းပညာ
ကျွမ်းကျင်မှုတို့ဖြင့် ပြောင်းလဲခြယ်သခြင်း မပြုရသည်တွင် တူညီသည်။



 
Sample Photo Link from:

http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+documentary+photography&aq=f&aqi=&aql=&oq=&gs_rfai=


Action Photography


Professionals ခေါ် ကြေးစား ဓါတ်ပုံသမားမျာ့းသည် လှုပ်ရှားမှုပုံများ ရိုက်ရာတွင် တစ်ဦး နှင့် တစ်ဦး
မတူကြပေ၊ Sports ပုံများသည် အမြန်ဆုံးနှင့် စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ဆုံးသော ပုံများဖြစ်သည်၊
မည်သည့်လှုပ်ရှားနေသည့် Object ကိုမဆို Sports photographer သည် သူ၏ အကောင်းဆုံးပုံကို မည်သည့်
အချိန်တွင် မည်သို့ ရိုက်မည်ကို ကောင်းစွာနားလည်ရပေမည်၊ လေယဉ်ပျံတက်ပုံ၊ ကျေးငှက် သတ္တ၀ါတို့
သဘာဝအတိုင်း လှုပ်ရှားပုံ တို့သည်လည်း Action Photography ပင်ဖြစ်သည်။

 


Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+actionphotography&aq=f&aqi=&aql=&oq=&gs_rfai=

Macrophotography

Macrophotography ဆိုသော ပုံတို့သည် ရိုက်လိုသော သေးငယ်သော/ အသေးစိတ်လိုသော
အရာဝတ္ထုတစ်ခု (သို့) ၎င်း၏ တစ်ပိုင်းတစ်စ ကိုအလွန်နီးကပ်အောင်ဆွဲ ရိုက်ယူထားသော ပုံဖြစ်သည်၊ ၎င်းပုံများကို
ရိုက်ကူးရာတွင် photographer သည် တန်ဖိုးကြီးသော အပိုတွဲဖက် ပစ္စည်းတို့ဖြင့် ရိုက်ယူရသည်၊ ယခုအခါ Digital cameras များတွင် macro setting ပါရှိ၍ အပျော်တမ်းရိုက်သူများ အတွက် ပိုမိုလွယ်ကူစေသည်၊
Macrophotography သည် သေးငယ်သောပိုးမွှားများ (Insects)၊ ပန်းများ၊ သေးငယ်သော ရုပ်ပုံများ နှင့် အရာဝတ္တု ပုံတို့ ပါဝင်ပြီး တိကျလှပ၍ စိတ်ဝင်စားဖွယ် ပုံများဖြစ်သည်။

 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+macrophotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=

Microphotography

Microphotography သည် အထူးပြုလုပ်ထားသော Cameras နှင့် အနုကြည့်မှန်ပြောင်း (Microscopes)
တို့ဖြင့် အလွန်သေးငယ်သော (သာမန်မျက်စိဖြင့် မမြင်နိုင်သော) ပုံရိပ်ကို ရိုက်ယူထားခြင်း ဖြစ်သည်။
ရောဂါပိုးမွှားရှာဖွေခြင်း၊ astronomy, biology နှင့် medicine သုတေသန လုပ်ငန်းတို့အတွက်ဖြစ်သည်။











Glamour Photography

Glamour photography ကို တခါတရံ Pornography နဲ့မှားတတ်ကြ ပါတယ်၊ တခါတရံ sexy and erotic
စံသော်လည်း ဒါဟာ Pornography မဟုတ်ပါ။ ၀တ်လစ်စလစ် (သ)ို့ တုန်လှုပ်ဖယွ် ပုံစံ ကို focusing
လုပ်ထားသော်လည်း ညို့ဓါတ်ပြင်းတဲ့ Glamour photography မှာ ကိုယ်ဟန်အယူအဆက
အကွေ့အကောက်တွေနဲ့ အရိပ်တွေကို ပိုမိုလေးနက်စေပါသည်။ အဓိပ္ပါယ်ပြည့်ဝသော Glamour photography တစ်ပုံမှာ ကိုယ်ဟန်ပြသူရဲ့ သရုပ်ဖေါ်နေပုံကို Glamourous Light တေရွ့ဲ အောက်မှာ တွေ့ ရပါမယ်၊ တဆက်ထဲဆိုသလို များစွာသော Glamour ရိုက်ကွက်တွေမှာ ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ခြင်း၊ လျှို့ဝှက်သော စိတ်ကစားဖွယ် အရိပ်အရောင်များ ကို သယ်ဆောင်လာတာကိုတွေ. ရသည်။

 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+glamourhotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=


Aerial Photography သည် အထူးသဖြင့် ဝေဟင်အမြင့်မှ ရိုက်ယူသောပုံများ ဖြစ်သည်၊ ၎င်းပုံတို့သည်
တည်ဆောက်ရေးလုပ်ငန်းများ နှင့် မြေယာနယ်ပယ်တိုင်းတာ သတ်မှတ်ရန် နှင့် ငှက်များ၊ ရာသီဥတုအခြေအနေ၊
စစ်ဆင်ရေး (စစ်သုံးပုံ) တို့အတွက် အသုံးပြုလေသည်။ Aerial Photographer တို့သည် Planes, ultralights,
Parachutes, Ballons, Remote controlled aircraft စသည်တို့ကို အသုံးပြု၍ ပုံများကို ဝေဟင်မှ
ရောက်ယူကြသည်။

 

Underwater Photography 

Underwater Photography ကို အများအားဖြင့် ရေငုပ်သမားများ နှင့် ရေငုပ်ကရိယာသုံး
ရေအောက်လေ့လာသူများက ရိုက်ယူကြသည်၊ မည်သို့ဆိုစေ ရေငုပ်ကရိယာ၊ ရေအောက်သုံးကင်မရာ နှင့်
ဆက်စပ်ပစ္စည်းတို့၏ တန်ဖိုးကြီးမားမှု၊ ရေအောက်တွင်အန္တရယ်များမှုတို့ရှိစေကာမူ အဓိကအမျိုးအစား
အသုံးများသော Photography တစ်ခုပင်ဖြစ်သည်၊ အထက်က အခြား Photography ကဲ့သို့ပင်
အပျော်တမ်းတစ်ယောက် အတွက်မူ ရေငုပ်ကရိယာ (Scuba) အသုံးပြုပုံကို နားလည်ရမည်ဖြစ်သလို
ရှုပ်ထွေးသောရေအောက်မြင်ကွင်းတွင် Scuba Goggles ကြောင့် ပုံကြီးချဲ့မြင်ကွင်း နှင့်လှိုင်းတွန့် တို့သည်လည်း
Photographer၏မြင်ကွင်းကို အနှောက်အရှက် ဖြစ်စေသည် ကိုပါနားလည်မှသာ ဖြစ်ပေမည်။

 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+underwaterphotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=


Art Photography
Art Photography တစ်ပုံသည် ရိုက်ယူထားသော ပုံရိပ်တစ်ခု၏ ကျယ်ပြန့်လေးနက်မှုကို
ပေးစွမ်းနိုင်ပေသည်၊ Nature Photographer တစ်ယောက်သည် ရေအောက် ဓါတ်ပုံတစ်ပုံအား ပင်လယ်သဘာဝကို
အခြေခံထားပြီး အနုပညာမြောက် တစ်ခုဖန်တည်းသလို Portrait Photographer သည်လည်း အဖြူအမဲ
နောက်ခံသွင်ပြင်ဖြင့် အနုလက်ရာမြောက် Portraitures တို့ဖန်တည်းကြလေသည်၊ အားလုံးကို ခြုံ၍ဆိုရသော်
ကောင်းမွန်သော ပုံတစ်ပုံတွင် မြတ်နိုးဖွယ်အလှအပ စွမ်းရည်မရှိမဖြစ် ပါဝင်ရမည်ဖြစ်၍ အနုပညာလက်ရာ တစ်ခုဟု
သတ်မှတ်ရမည်သာဖြစ်ပေသည်။

 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+artphotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=




Portraiture
Portraiture type သည် ရှေးအကျဆုံး အမျိုးအစားပင် ဖြစ်သည်၊ သင်၏ မိသားစု သို့မဟုတ် သင့်အိမ်မွေး
တိရစ္ဆာန်လေးများ၏ပုံ စသည်တို့ အပြင် သင်ကိုပိုင်သေသက်ကျနစွာ ရိုက်ယူထားသော အရာဝတ္ထု၊ အုပ်စုအမှတ်တရ
ပုံတို့သည် အောင်မြင်သော Portraiture များဖြစ်သည်။


 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+portraiturephotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=



Wedding Photography
Wedding Photography သည် မတူညီသော ဓါတ်ပုံအမျိုးအစား တို့ရောနှောပါဝင်သော ပုံအမျိုးအစား
ဖြစ်သည်၊ Wedding album သည် Wedding နေ့ အမှတ်တရ (မှတ်တမ်း) ဓါတ်ပုံများဟု ဆိုသော်လည်း
၎င်းပုံများကိုမူ ပြန်လည် ပြုပြင်ခြင်း၊ လိုအပ်သော နောက်ခံ၊ အရောင် စသည်တို့ကို ပြောင်းလွဲခြင်းများ ပြုလုပ်နိုင်သည်၊
ဥပမာ .. Photographer သည် ပုံအချို့ကို ညိုပြေသော အရောင်သို့ ချိန်ညှိခြင်း ဖြင့် ပိုမို classic ဆန်လာစေ၍ နေ့
နှင့် ည အလင်းတူညီအောင် ပြုပြင်ခြင်းဖြစ်သည်။
အထူးသဖြင့် Wedding Photographer တယောက်တွင် portrait photography skill မရှိမဖြစ်
လိုအပ်ပေသည်၊ အကယ်၍ photographer သည် glamour photography နည်းပညာကို နားလည်ပေါင်းစပ်၍
ရိုက်ယူချိန်ညှိ ထားပါက အကောင်းဆုံး သတို့သား နှင့် သတို့သမီးပုံတို့ကို ရရှိ မည်ဖြစ်သည်။

 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+weddingphotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=


Advertising Photography
Advertising သည် ပုံရိုက်သူများ အတွက် မရှိမဖြစ် အဘယ့်ကြောင့် လိုအပ်ရသည် ဆိုသော် 
အတော်များများသော Professional Photographer တို.သည် ၎င်းတို့၏ Professional လမ်းတလျှောက်
အချိန်အတော်များများကို Advertising Photography တွင်မြုပ်နှံထားခဲ့ ကြရလေသည်၊ ၎င်းပုံတို့သည်
ထပ်တူမရှိစေခြင်း၊ အမြင်ကိုဖမ်းစားထားနိုင်ခြင်း တို့ဖြစ်စေရန် အတွက် Photographer အနေနှင့်
macrophotography, glamour photography တို့အပြင် အခြားအမျိုးအစား photographyတို့ကိုလည်း တွဲဖက်
အသုံးပြု ရလေသည်။
 

Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+advertisingphotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=


Travel Photography
Travel Photogrphy သည်လည်းအခြားသော photography type တို့ဖြစ်သော advertising,
documentary or vernacular photography တို့ပါ ရောနှောပါဝင်သည်၊ Travel photographer တို့သည်ခံစားနားလည်၍ နှစ်သက် လွမ်းမောဖွယ် ကောင်းသော ပုံတို့ကို Landscape နှင့် Portraiture တို့ဖြင့် ပေါင်းစပ်တင်ပြ နိုင်ကြပေသည်။
 
Sample Photo Link from:
http://www.google.com.sg/images?um=1&hl=en&rlz=1T4ACAW_enSG342SG348&biw=962&bih=461&tbs=isch%3A1&sa=1&q=photo+of+travelphotography&btnG=Search&aq=f&aqi=&aql=&oq=&gs_rfai=


မိမိနှစ်သက်ရာ အမျိုးအစားကို ရွှေးချယ်၍ ပုံကောင်းများ ရိုက်ကူးနိုင်ကြပါစေ။ ....

Post by
Sky Blue

 
 
 
အောင်မြင်သော Cameraman တို့၏ လျို့ဝှက်ချက်။

ပထမ အချက်သည် သင်ဟာ Professional ဆိုတဲ့ လူတေရွ့ဲ ပြောဆိုမှု ဆေွး နွေးမှုတွေကို အမြဲနားစငွ့်နေရပါမယ်၊ ဒါကို “ နေ့တိုင်းဟာ ကျောင်းတက်ရက်တွေ “ လို့ပဲ မှတ်ရပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ နေ့စဉ်နဲ့ အမျှထွက်နေတဲ့ နည်းပညာအသစ်တွေ မပြတ်လေ့လာနေ ရပါမယ်။ သင့်ရဲ့ ရှေ့တက်မယ့်လမ်းမှာ ဒီအချက်ကို အမြဲဆုပ်ကိုင်ထားရ
ပါမယ်။ ငါအားလုံးကို သိနားလည်နေပြီလို့ မှတ်ယူထားသူတွေဟာ အမြဲတမ်း အသစ်ထွက်ပေါ်နေတာတွေကို လေ့လာ လေ့ကျင့်နေသူတွေရဲ့ နောက်မှာ အမြဲကျန်ရစ်နေ ပါလိမ့်မယ်၊ ဒီအချက်ဟာ အတော်များများသော လုပ်ငန်းလမ်းကြောင်းတွေ အတွက် အမြဲမှန်ကန်ပါတယ်၊ ဒီကနေ့ Cameraman တို့ရဲ့ တိုးတက်တဲ့ ကမ္ဘာမှာ အမြဲပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သင်ဟာ ဒီအချက်ကို လုံးဝ လျစ်လျုရှုလို့ မရဘူး ဆိုတာမှတ်ထား ရပါမယ်။

ဒုတိယ အချက်ကတော့ မြင်တတ်မှု နဲ့ အမြင်စူးရှမှု (Good Eye) ဟာလဲ သင့်ကို Successful Cameraman ဖြစ်စေဖို့ အထောက်အပံ့ လှို့ဝှက်ချက် တခုပဲပေါ့။ ဒါဟာ ကောင်းမွန်တဲ့ ရိုက်ချက်တွေကို ရိုက်နိုင်တဲ့ အားသာချက် တခုပါပဲ၊ ပုံရိုက်သူရဲ့ လိုအပ်တဲ့ စွမ်းရည်တစ်ခုလည်း ဖြစ်ပါတယ်၊ ဆိုချင်တာကတော့ ဘယ်လိုဆိုရင်ကောင်းမယ် ဘယ်လိုဆိုရင် မကောင်းဘူး ဆိုတာတွေကို ခွဲခြား သိမြင်နိုင်ခြင်း ပါပဲ။ ဒီအတွက် အချိန်လိုအပ်ပါတယ် ဒါပေမယ့် တချို့က ပုံမှန် လူတော်တော်များများမှာ ရှိတဲ့ အဆင့်ထက် ပိုသာနေတတ်ပါတယ်၊ အကယ်လို့ ဒီလူဟာ သင်ဖြစ်ခ့မဲ ယ် ဆိုရင်တော့ သင့်မှာ Cameraman ကောင်းတယောက်ဖြစ်ဖို့ ခိုင်မာသေချာတဲ့ အချက်တခု ရှိနေပြီလို့ ဆိုရပါမယ်


တတိယ အချက်ဟာဖြင့် သင်ဟာ စိတ်တည်ငြိမ်ပြီး ဖိအားတွေရဲ့အောက်မှာ လျင်မြန်စွာ လုပ်ကိုင်တတ်တဲ့
စွမ်းရည်ရှိခြင်း ဖြစ်ပါတယ်၊ စိတ်ဖိစည်းမှုတွေ ပြည့်နေချိန်မှာ သင့်ရဲ့ မျက်နှာမှာ အမြဲအပြုံးတခုကို
ဆောင်ထားရပါလိမ့်မယ်။ Cameraman ဆိုတဲ့ အဆင့်ဟာ အလွန် စိတ်ဖိစည်းမှုများနိုင်တာကို သင်သိမှာပါ
ဘာကြောင့်လဲဆိုတော့ ပုံရိုက်ယူနေစဉ် ကန့်သက်ချိန် ဆိုတာကြောင့်ပါပဲ၊ အကယ်၍ သင်ဟာ တစုံတခု အဖြစ်အပျက် ရှုခင်း တခုကို ရိုက်နေချိန်မှာ အလွန်တိုတောင်းတဲ့အချိန်အတွင်း သေသပ်ကောင်းမွန်တဲ့ ပုံကိုရရှိဖို့ သင့်ကိုယ်သင် ယုံကြည်မှု နဲ့ တည်ငြိမ်မှု တို့ကလည်း တချိန်တည်း ရှိနေ ရမှာဖြစ်ပါတယ်။ သေချာ ကောင်းမွန်တဲ့ အပြီးသတ် ရလဒ်တွေနဲ့ သင့်ရဲ့ Professional ဆိုတဲ့ အဆင့်အတန်းကို မဖြစ်မနေ သင်ထိမ်းထားရပါမယ်။ ဒါကတော့ အောင်မြင်တဲ့ ကင်မရာဆရာ တေရွ့ဲ နားလည်ယုံကြည် လိုက်နာကြတဲ့ လျှို့ဝှက်ချက် တခုပဲဖြစ်ပါတယ်။


အောင်မြင်သော ကင်မရာဆရာ တွေရဲ့ စတုတ္ထ လျှို့ဝှက်ချက်ကတော့ တယောက်တည်း အလုပ်လုပ်နိုင်စွမ်း ရှိသလို အများအစုအဖွဲ့နဲ့လည်း တွဲဖက်လုပ်ဆောင် နိုင်စွမ်း ရှိခြင်းဖြစ် ပါတယ်။ သင်မှာ သင်တဦးတည်းလုပ်ဆောင်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ နှစ်ခုလုံး ရှိနေဖို့လိုအပ်ပါတယ်။ လူအမျိုးမျိုး တို့ရဲ့ မတူညီတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊အကျင့်အကြံ တွေကို သင်ဟာ ကောင်းစွာ သိရှိမှာဖြစ်တယ်၊ အောင်မြင်တဲ့ကင်မရာသမားတွေမှာ စိတ်ဝင်စားမှု ရှိသော (Enthusiastic)၊ စိတ်ဓါတ်ပြင်းပြသော (Passionate)၊ တိကျသေချာသော (Positive) အတွေးအခေါ်သစ်တွေကို စဉ်းစားတွေးတောရန် လိုလားသော (Open-minded)၊ ဆုံးဖြတ်ချက် (Determined) ဆိုတွေရှိပါတယ်။
ပဉ္စမ အချက်ဟာဖြင့် ပုံကောင်းတွေ တွက်အောင် အမြဲတမ်း စိတ်အားထက်သန်မှု နှင့် အကောင်းမြင်မှု တွေနဲ့ ရှေ့ရှု ခြင်းပေါ့၊ အကောင်းမြင်တတ်မှုက ကောင်းသော သဘောထားတွေဖေါ်ဆောင်နိုင်ပြီး အမြဲတမ်း သင့်ကို သင့်ပြိုင်ဖက်တွေ ထက်မြင့်အောင် တွန်းပို့ သွားပါလိမ့်မယ်။
ဆဋ္ဌမ အနေနဲ့ ပြဿနာ တခုကို အကောင်းဆုံးဖြေရှင်း နိုင်မယ့်နည်းလမ်းကို ရှာဖွေခြင်း ပါ၊ Cameraman
တယောက်အတွက် အဆက်မပျက် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်ပါတယ်၊
သင်ဟာတည်တည်ငြိမ်ငြိမ်နေနဲ့ ဖြေရှင်းနိုင်တဲ့ အနေအထား မှာရှိတဲ့ စွမ်းရည် လိုအပ်ပါတယ်၊ ဒါဟာဖြင့် သင့်ရဲ့ Profession အတွက် အမြဲတမ်းယူဆောင်သွားရမှာပါ ဒါကြောင့် ဒီအရည်အသွေးကို မြင့်မားအောင် လုပ်ဖို့ သင့်ရဲ့ထောက်အပံ့အဖြစ် အစောဆုံးကတည်းက လိုအပ်ပါတယ်။

အောင်မြင်သော Cameraman များဖြစ်ကြ ပါစေ။

Sky Blue

Aerial Photography