Thursday, November 25, 2010
ရေခူလေးများ
Singapore Underwater world မှ ပင်ကို အရောင်ဖြူကြည်ကြည် ဖြစ်ပြီး ကျရောက်တဲ့ အလင်းရောင် အတိုင်း အရောင်လိုက်ပြောင်းလွဲလို့နေတဲ့ ပင်လယ် ရေခူလေးတွေ ဖြစ်ပါတယ်။
Tuesday, November 23, 2010
ငှက်လေးတွေရဲ့ သဘာဝ
ဓါတ်ပုံရိုက်တော့မယ် ဆိုတာနဲ့ စိတ်ကြီးဝင်နေတဲ့ စတိုင်ကို ဖမ်းတော့တာပါပဲ..
ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဆွေမျိုးအပေါင်းပါတွေနဲ့ပဲ ကဲနေတဲ့ အုပ်စု ..
ကရတာမောလို့ ခဏနားနေတုန်းလေး
မျက်ထောက်နီကြီးနဲ့ ဟို လူ့ကိုရန်လို ဒီလူ့ကို ရန်လို နဲ့ ....
Singapore Bird Garden က ငှက်လေးတွေပါ၊ ကိုယ့်ရိုက်ချင်တာကို မငြီးမငြူ သရုပ်ဆောင်ပေးတာ သူတို့ပါပဲ .....
Monday, November 22, 2010
The view of Esplanade and Raffles
Camera ကောင်း ပိုင်ရှင် မှသည် Photographer အဖြစ်သို့
အချို့သော သူတို့သည် ကောင်းမွန်သော Digital Camera တလုံးကို စတင်ပိုင်ဆိုင်ပြီးသည်နှင့် Professional တစ်ဦးကဲ့သို့ ဓါတ်ပုံများ ရိုက်နိုင်ပြီဟု ခံစားနားလည်နေကြလေသည်။ ထို့အပြင် သူတို့သည် သေချာပေါက် ယခင်က ဓါတ်ပုံသမားများ ထက်ပိုမိုကောင်းမွန်သော ပုံများကို ရိုက်နိုင်ပြီဟု အဘယ့်ကြောင့် မှတ်ထင်ရသနည်းဆိုသော် ဒီကနေ့ နည်းပညာမြင့်မားသော Digital Camera တို့၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်လေသည်။ ဘယ်သို့ပင် ဆိုစေကာမူ Photography ၏ နောက်တဆင့်သို့ တက်လှမ်းလာပြီ ဆိုသည်ကိုဖြင့် အသိအမှတ်ပြု ရပေမည်၊
သင်ကိုယ်တိုင်သော်၎င်း၊ အခြားသူတို့ထံမှ ဆက်စပ်၍သော်၎င်း အချို့သောသူတို့၏ အောက်ပါမှတ်ချက်တို့ကို အံ့သြ၀မ်းနည်းဖွယ် ကြားရနိုင်ပါသည်၊
“ခင်ဗျားမှာ ဒီလောက်ကောင်းတဲ့ Camera နဲ့ မှန်ဘီလူးကြီး ရှိတော့ ပုံကောင်းကောင်းတွေ ထွက်တာပေါ့”
“ မင်း ပုံကောင်းလိုချင်၇င် သူလို Camera နဲ့ Lens တွေ ရှိမှဖြစ်မယ်”
“ဒါလေးများကွာ ဒို့မှာ ဒီလို ကင်မရာမျိုးတွေ ရှိရင် လုပ်လို့ဖြစ်တာပဲ”
“တနေကုန် Camera, Computer တွေနဲ့ ရှုပ်နေပြီး တွက်လာတော့ တပုံထဲ” စသည် စသည် တို့ဖြစ်သည်။
Camera ဆိုသည်မှာ တီထွင်ထုတ်လုပ်သူတို့ ၏စက်ပစ္စည်း တစ်ခုသာဖြစ်သည်၊ လက်မှုပညာ ရှင်တစ်ယောက် ဖြစ်လာရန် ဒီကရိယာလေးကို ဘယ်လို အသုံးချ ရမှာလဲ ဆိုသည်ကို သေချာနားလည် သဘောပေါက် ရန် လိုအပ်လှပေသည်။
သင်သည် Camera ကိုကောင်းစွာ အသုံးချတတ်ပြီ ဆိုရင်ဖြင့် သင့်အမြင်၊ ခံစားရမှု၊ သင်၏ဖန်တည်းမှု၊ အဖိုးမဖြတ်နိုင်သော တွေ့အကြုံများ တို့နှင့်ပေါင်းစပ်၍ သေသပ်ကောင်းမွန်လှပသော ပုံတွေရဲ့ ဖန်တည်းရှင် Photographer ကောင်းတစ်ယောက် မလွဲဧကံ ဖြစ်ရပေမည်။
အမြင်ဟုဆိုရာတွင် ဤအရာဝတ္ထု ရှုခင်း အဖြစ်အပျက် ကို မည်သို့ ရိုက်လျှင် ပိုမိုကောင်းမွန်မည် ပို၍ အနာအစာကင်းမည် ဘယ်ကဲ့သို့ ဖန်တည်းနိုင်မည် ဆိုသည်ကို သင်သိနားလည်ထားရပေမည်၊ ထိုလိုအပ်ချက်ကို ဖြည့်စည်းရန် သင်သည် ပုံများများ ကြည့်ရှုခြင်း၊ မကြာခဏ အဖွဲ့တို့နှင့် ပုံရိုက်ထွက်ခြင်း တို့ပြုလုပ်ခြင်းဖြင့် အခြားသူတို့၏ အမြင် နှင့် မိမိ၏ အမြင်ကို ယှဉ်တွဲ လေ့လာခြင်းဖြင့် ရရှိနိုင်ပေသည်။
ဓါတ်ပုံသည် ကဗျာစာပေ ကဲ့သို့မဟုတ်ပဲ သင်၏ မျက်မြင် မြင်ကွင်း ခံစားမှု၊ ဖန်တည်းမှု ရသ ကို ပုံကြည့်သူထံ တစ်ခုတည်းသော ပုံဖြင့် ပေးရသည်မှာ လွယ်ကူသည့် အရာတော့ မဟုတ်ပေ၊ လွမ်းဆွေးဖွယ်၊ တက်ကြွဖွယ်၊ စိတ်လှုပ်ရှားဖွယ်၊ ရွှင်မြူးပျော်ဖွယ်၊ ပီတိဖြစ်ဖွယ် စသော ခံစားမှု ရသအစုံစုံတို့၏ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရသ ဖေါ်ကြူးသော ပုံဖြစ်ရန် သင်ကိုယ်တိုင် ခံစားနားလည် ဖန်တည်း တတ်မှ သာလျှင် ဖြစ်ပေမည်၊
Art ဟူသည် ကျယ်ဝန်းလှပေသည်။ ပန်းချီ၊ ပန်းပု၊ တေးဂီတ၊ ကဗျာစာပေ၊ ဓါတ်ပုံ စသော အမျိုးကွဲ အနုပညာ မြစ်ချောင်း တို့ပေါင်းဆုံ၍ ကျယ်ဝန်း၍ အဆုံးစမဲ့သော အနုပညာ ပင်လယ် သမုဒ္ဒရာ သို့စီးဆင်းဝင်ရောက် ဖြစ်ပေါ်စေသည်၊ ထို့ကြောင့် Art photography တို့ကိုဖန်တည်း ဖေါ်ဆောင်ရန် အသစ်အသစ်သော ထွက်ပေါ်နေသည့် နည်းပညာတို့ကို မပြတ်လေ့လာ အသုံးချ ရပေမည်၊ ထို့အတူ မတူမျိုးကွဲ ပုံအမျိုးမျိုးတို့ကို ရိုက်ယူနိုင်ရန်လည်း သင်စွမ်းဆောင် ရပေမည်၊သို့မှသာ Creation ဆိုသော ဖန်တည်းမှု ကိုပိုမို ပြောင်မြှောက်အောင် ပြုလုပ်နိုင်မည်ဖြစ်သည်။
သင်၏ ဖြတ်သန်းလာသော Cameraman လမ်းတလျှောက် တွေ့ကြုံ ရိုက်ကူးထားသော ပုံတို့ နှင့် အခြားသူတို့ ရိုက်ကူးထားသော ပုံတို့ ကို လေ့လာ သုံးသပ်ခြင်းသည် မည်သည့် အချိန်၊ မည်သည့် အလင်းရောင်၊ မည်သို့ လျှပ်တပျက်ရိုက်ခြင်း စသော အသိပညာနှင့် သင်ကိုယ်တိုင် တွေ့ရှိသော အတွေ့အကြုံတို့သည်လည်း အဖိုးမဖြတ်နိုင်သော အရာများပင်ဖြစ်ပေသည်။
ထိုသို့သော အကြောင်းတို့ကြောင့် Cameraman တစ်ယောက် အတွက် အခြေခံ အစဖြစ်သော သင်၏ Camera နှင့် အောက်ပါ အချက်သုံးချက်ကို ဦးစွာပထမ လေ့လာနားလည် အောင်ပြုရပေမည်၊
၁။ Learn to shoot in manual mode.
၂။ Learn to shoot in RAW
၃။ Learn how to use a good flash.
ဤအချက် သုံးရပ်ကို ကောင်းစွာနားလည် အသုံးချနိုင်လျှင် သင်သည် Camera ကောင်းပိုင်ဆိုင်သူ အဆင့်ထက် သာလွန်သော ဓါတ်ပုံဆရာ (Photographer) အဖြစ်ရောက်ရှိမည် ဖြစ်ပါသည်။
ပထမ အဆင့်အနေနဲ့ သင်သည် Manual Mode နဲ့ သို့ Shoot ရမည် ဆိုတာကို နားလည်ကျွမ်းကျင်ရပေမည်၊ Shooting in Manual Mode သည် တစ်ခုတည်းသော မှန်ကန်တဲ့ ဓါတ်ပုံသင်ကြားမှု လမ်းကြောင်းပင်ဖြစ်ပေသည်၊ တချို့သောသူတို့သည် သေသပ်ကောင်းမွန်လှတဲ့ ဓါတ်ပုံများကို Photo web site တွင်တင်၍ ပြသထားကြသော်လည်း ယခုအချိန်ထိ Manual mode နဲ့ မည်သို့ရိုက်ရမည် ဆိုတာကို မသိကြကြောင်း တွေ့မြင်သိရှိရပေသည်။
သူတို့သည် Shutter Speed နှင့် fstop ဆိုသည်ကို မသိ ကြသကဲ့သို့ အဘယ်ကြောင့် ၎င်းတို့၏ Sport Photograph က မှုံဝါးနေရသည် ဆိုတာကို မသိကြပေ၊ ၎င်းတို့သိထားတာသည်မှာ Camera Mode ကိုတခုသော Automatic mode ထားထားလျှင် အခါအားလုံး နီးပါး ကောင်းမွန်တဲ့ ပုံတွေ ရရှိတာကို ပင်ဖြစ်လေသည်။
ဤသို့ဆိုလျှင် သင်သည် … Depth of field ကို မည်သို့ထိမ်းမည်၊ လှုပ်ရှားနေသည့် ပုံရိပ်ကို မည်သို့ဖမ်းမည်၊ မလုံလောက်သော အားနည်းနေသော အလင်ရောင်အောက်တွင် ပုံကောင်းရရန် မည်သို့ရိုက်မည် စသည်တို့ကို သင်ကြားလေ့လာမည်ဆိုလျှင် fstop, shutter speed, film speed, amount of light တို့နှင့် Digital camera ၏ Sensor သို့ အလင်း သက်ရောက်ပုံတို့အား ကြေကြေ ညက်ညက် နားလည် အသုံးပြုတတ်ရမည်ဖြစ်သည်။
Film sensor မှ Digital sensor သို့ မည်သို့ပင် နည်းပညာများ ပြောင်းသော်လည်း ဓါတ်ပုံသည် အလင်းကြောင့် ဖြစ်ပေါ်လာရသည် အလင်းရောင်၏ ဖေါ်ဆောင်မှုကြောင့် Digital ဓါတ်ပုံ ဖြစ်ပေါ်လာသည် ဆိုသည်မှာ ဟိုးယခင် ဖလင်ခေတ် နှင့် အတူတူပင်ဖြစ်သည်၊ မှန်ကန်သောExposure ရွှေးချယ်မှသာ မှန်ကန်တဲ့ အလင်းပမာဏ သည် Sensor ကိုရောက်ရှိလာမည် ဖြစ်ပါတယ်၊ ထို့ကြောင့် အောက်တွင် ဖေါ်ပြထားသော Exposure ပြောင်းပုံ ၄ မျိုး ကို ဖေါ်ပြထားပါသည်၊
၁။ Change the fstop (Aperture) on the lens.
၂။ Change the shutter speed.
၃။ Change the ISO (film speed)
၎။ Change the lighting.
အကယ်၍ သင်သည် Automatic mode နှင့် ရိုက်မည် ဆိုလျှင် သင့်၏ Camera သည် ပုံရိပ်၏ တနေရာ သို့ မဟုတ် နှစ်နေရာ ကို အကောင်းဆုံးရွှေး ယူပါလိမ့်မည် ထို့အပြင်တခါတရံ၌ အာလုံးကို ရွှေးသော်လည်း မှားယွင်းနေ တတ်ပေသည်။
အကယ်၍ Built in flash ကို အသုံးချခဲ့သော် Camera သည် အလယ်လောက် အကွာအဝေး၌ ရှိသောငြိမ်သက်နေသည့် အရာဝတ္ထုကို စူးရှသော Flash အလင်းကို ပွင့်စေခြင်း သို့မဟုတ် Shutter Speed ကို နှေးစေခြင်းတို့ကြောင့် ပုံရိပ်ကိုဝါးသွားစေခြင်း သို့မဟုတ် အလင်းများလွန်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။Sport ပုံတွေ ရိုက်ယူသည့် အခါတွင် Manual Mode ၌ သင့်၏ Shutter Speed ကို အနည်းဆုံး 1/200 of a second မှာထားသင့်ပါသည် တကယ်လို့ ဘော်လုံးပွဲမျိုးကို ရိုက်မည်ဆိုရင် ISO ကို 1600 fstop ကို 2.8 သို့မဟုတ် 3.5 မှာထားပြီး ရိုက်ရပါမည်။ DSLR အများစုတွင် Fast Lens မပါတတ်ပေ၊ Fast Lens တို့သည် Small fstop number များကို ဖွင့်ပေးနိုင်ပြီး fstop 2.8 ဆိုလျှင် အတော်ကောင်းမွန်သည့် fast Lens ဖြစ်နေပေသည် Lens တခု၏ Smaller fstop သည် ပိုမိုကျယ်သော အလင်းဝင်ပေါက်ကို ဖွင့်နီုင်ပြီး Sensor သို့ အလင်းပမာဏ ပိုမိုသက်ရောက် စေလေသည်။
ဥပမာ fstop ကို ရေပိုက်ခေါင်းတစ်ခုလို့ သဘောထားရင် f22 fstop သည် အိမ်သုံးရေပိုက်ခေါင်းလေး ဖြစ်ပြီး f2.8 သည် မီးသတ်ပိုက်ခေါင်း ဖြစ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်မည်သည့် ပမာဏလောက်သော အလင်းကို Sensor စီကိုစီးသွား စေချင်သည် ဆိုသည် ကြောင့်ုဖြစ်သည် သင်သည် Night Sport ကိုရိုက်မည် ဆိုလျှင် သင်၏ fstop သည် မီးသတ်ခေါင်းခန့် ဖြစ်ရပေမည်။
ထို့ကြောင့် သင်ဟာ wide open fstop (aperture) မှ Close down aperture သို့လျော့ချရ ခြင်းဖြင့် Photo plane ပေါ်သို့ကျရောက်သော အလင်း ပမာဏကို လျော့ကျ စေမည်ဖြစ်သည်၊ fstop တစ်ခုစီသည် မူလတစ်ခု၏ အလင်းစုစည်းမှု ပျမ်းမျှ ထက်ဝက်ခန့် ရှိသည်။ (အသေးစိတ် ရှင်းလင်းထားချက်ကို Photographer Zay Yar Hlaing ၏ Post တွင်လေ့လာနိုင်ပါသည်။)
သင်၏ exposure ကို ပိုမိုကောင်းမွန်အောင်လုပ်ရန် ဒုတိယနည်းလမ်း သည် အကယ်၍ အလင်းပမာဏကို ချိန်ညှိလိုသော် Shutter Speed ကိုပြောင်းလွဲ ပေးခြင်းပင်ဖြစ် သည်၊ Shutter speed ဆိုသည်မှာ Shutter ကိုမည်မျှလောက် အတိုင်းအတာ အချိန်ထိ ဖွင့်ထားမည် ဆိုခြင်းဖြစ်ပါတယ်၊ Shutter speed 1/200 ၏ဆိုလိုချက်သည် တစက္ကန့် ရဲ့ 1/200 ပဲဖြစ်၍ 1/100 သည် တစက္ကန့် ၏ 1/100 ဖြစ်သည်၊ အကြောင့်လဲဆိုရင် 1/100 သည် 1/200 ၏ နှစ်ဆ ဖြစ်သည် ထို့ကြောင့် နှစ်ဆသော အလင်းကို Camera ထံသို့ ၀င်ရောက်စေသည်။
ဘယ်သို့ဆိုစေကာမူ သင်သည် လွန်စွာနှေးသော Shutter Speed ကို အသုံးပြုလျှင် မည်သို့သော ရလဒ်ကို ရရှိမည်ကို သိရှိရန်မှာလည်း အရေးကြီးသော အချက်တချက်ဖြစ်ပေသည်၊ အနည်းဆုံး 1/200 Shutter Speed ကိုသုံးမှသာ Action ပုံတွေကို ရရှိပေမည်၊ ၎င်း Shutter Speed ဖြစ်သော်လည်း သင်သည် Action ၏ မှုံဝါးသော ပုံအချို့ရနိုင်သေးသည်၊ သင်၏မြင်ကွင်းသို့ ရိုက်မည့် အရာဝတ္ဘု ရောက်ချိန်တွင် Camera လှုပ်ခါသွားခြင်း (Camera Shake) ကြောင့် ပင်ဖြစ်သည်။
Camera Shake သည် Camera ၏ shutter ပွင့်ချိန်တွင် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာရပြီး အောက်ပါ အချက်တို့ကြောင့်ဖြစ်လေသည်၊
Length of the Lens
The person holding the camera
The type of lens တို့ပင်ဖြစ်သည်။
ဟိုးယခင်နေ့ထဲက သတ်မှတ်ထားချက် တခုမှာ သင်၏ Shutter Speed ကို Length of the lens ထက်ပိုမိုနှေး စွာမသုံး ခြင်းပင်ဖြစ်သည်၊ ဆိုလိုသည်မှာ 50mm Lens ကိုသုံးစဉ် 1/50 နှင့် 200mm Lens ကိုသုံးစဉ် 1/200 ထက်မလျော့ စေခြင်းပင်ဖြစ်သည်။ (ActionPhoto များကို Photographer Kar Kar ၏ F1 Album တွင် Setting များ ဖေါ်ပြထား၍ လေ့လာနိုင်ပါသည်။)
ဤမျှုဆိုရင် fstop နှင့်shutter speed တို့ကို သင့်၏ ကင်မရာတွင် မည်သို့ ချိန်ညှိရမည်ကို သိရှိပြီးဖြစ်၍ Film speed ခေါ် ISO ကို လေ့လာရပေမည်၊ အကြမ်းဖြင်းအားဖြင့် ငယ်သော ISO 100 သည် သင့်ပုံ၏ အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်၊ သို့သော် အမြဲတမ်း 100 ဖြင့် ရိုက်ယူ၇န် မဖြစ်နိုင်ချေ၊ နေသာသောနေ့များနှင့် Studio ခန်းများတွင် 100 ဖြင့်ဖြစ်နိုင်သော်လည်း အလင်းရောင်၏ ပြောင်းလွဲမှု ရှိလာသည်ျနှင့် အမျှ ISO ကို ချိန်ညှိခြင်းဖြင့် fstop နှင့် Shutter Speed တို့ကို အသုံးပြုပြီး သင်လိုချင်သော ရလဒ်ကောင်းကို ရရှိပေမည်။
အိမ်တွင်း ရိုက်ကွက်များ ရိုက်ယူရာတွင် ISO ကို 400 သို့မဟုတ် ပို၍များသော ISO နှင့် ရိုက်သင့်ပေသည်၊ အကယ်၍ သင်သည် Flash ကိုသုံးခဲ့သော် ISO 100 အတွင်းနှင့် ဖြစ်နိုင်သော်လည်း နောက်ခံတို့သည် အမှောင်ကျနေ၍ ကြည့်ရှုသူအတွက်သင်၏ ပုံသည် ကျွမ်းကျင်မှုနည်း သည်ဟု မြင်နိုင်လေသည်။
ဤကဲ့သို့သော အခြေအနေကို ဖြေရှင်းနိုင်သော သော့ချက်မှာ External Flash ကိုအသုံးပြုခြင်း ဖြစ်ပြီး ၎င်း၏ Flash Head ကို လှဲ့ပြောင်းနိုင်၍ ဖြစ်သည်၊ ဤနည်းဖြင့် နံရန် သို့မဟုတ် မျက်နှာကျက်တို့မှ ရောင်ပြန်လင်းတန်းကို အသုံးပြုနိုင်ပြီး နောက်ခံတို့ ကိုပါ ညီမျှသော အလင်းကျရောက်စေ၍ ပုံကို ပိုမိုကောင်းမွန်စေသည်၊ အခန်းတွင်းတွင် ISO 400 မြင့်သော ISO ကိုသုံးခြင်းဖြင့် လဲ ရရှိနိုင်လေသည်၊ သင့် အနေဖြင့် Flash အကူအညီမပါပဲ မြင့်သော ISO 800, 1600, 3200 တို့နှင့် ရိုက်ယူနိုင်ပေသည်၊ သိုသော် သင် ISO ကိုမြင့်တိုင်း သင့်ပုံတွင် Noise များပိုတက်လာ မည်ကို မမေ့သင့်ပေ။
နောက်ဆုံးနည်းလမ်းအနေနှင့် သင်၏ Exposure ကိုပြောင်းရန် အခန်းတွင်း အလင်းပမာဏ ပိုမိုရရှိ၇န် လိုက်ကာတို့ကိုဖွင့်ခြင်း၊ သင်ရိုက်လိုသော အရာဝတ္ထုကို ပြင်ပသို့ထုတ်ခြင်း၊ External Flash ကိုတပ်ဆင်ခြင်းတို့ဖြစ်သည်။
အထက်ပါ အချက် လေးချက်ဖြစ်သည့် Shutter Speed, fstop, ISO နှင့် Using Flash တို့သည် Camera တစ်လုံး၏ Exposure ကိုပြောင်းရန် နည်း လေးမျိုးပင်ဖြစ်လေသည်။
သင့်အနေဖြင့် Photographer တစ်ယောက်ဖြစ်ရန် Camera ကို Manual Mode တွင် အသုံးချတတ်မှ သာဖြစ်သည် ဖေါ်ပြပြီးသော အချက်လေးချက်ကို အသုံးပြုနိုင်မှသာ သင်လိုချင်သော ပုံကို လိုချင်သည့် အတိုင်းရရှိနိုင်ပေသည်။ အသေးစိတ် ပုံများဖြင့် ရှင်းလင်းထားချက်ကို Photographer Zay Yar Hlaing ၏ အောက်ပါ Post များ တွင်လေ့လာနိုင်ပါသည်။
What is ISO,
Camera ကောင်းဝယ်ယူ ပိုင်ဆိုင်သူမှ Photographer ကောင်းများဖြစ်ကြပါစေ၊Skyblue
Monday, November 8, 2010
Cameraman တို့နှင့် အမှတ်တရ တစ်နေ့တာ
Cameraman တို့နှင့် အမှတ်တရ တစ်နေ့တာ။
.
.
.
.
.
.
.
.
.
.
နိုဝင်ဘာလရဲ့ ပထမပတ် ဒုတိယနေ့မှာ facebookmail ကနေ ဖိတ်စာလေး တစ်စောင်လက္ခံရရှိ
ခဲ့ပါတယ်၊ “လာမယ့် ၅ရက်နေ့ ဒေပ၀ါလီနေ့ မှာ အောက်ပါ အစီအစဉ်အတိုင်း ဓါတ်ပုံရိုက်ထွက်ကြမယ်
စိတ်ဝင်စားရင်လာခဲ့ပါ” ဆိုတ့ဲ စာလေးကို Art Photograph တွေကို အနုပညာမြောက်စွာ ရိုက်ကူးနေသူ
ကိုဇစ် ထံက ပေါ့၊ အဲဒီနေ့  က ကျွန်တော်ရဲ့ ဆေးခွင့် ၅ ရက်မြောက်နေ့ပါ၊ လူကသာ ကောင်းကောင်း မမာပေမယ့် အတော်ပျော် သွားပါတယ် ဒါပေမယ့် ကျမ္မာရေး နှင့် အလုပ်က အခြေအနေကို စိတ်မချရတော့“ကိုဇစ် ရေ ကျွန်တော် သေချာရင် အကြောင်း ပြန်ပါ့မယ်” လို့ အကျိုးအကြောင်းရှင်းပြပြီး အကြောင်း ပြန်ခဲ့ရ ပါတယ်။
နေကောင်းပြီး ရုံးပြန်တက်တဲ့ ၄ ရက်နေ့  ညနေမှာ ကိုဇစ် ကို ကျွန်တော်လာဖြစ်တယ် ဆိုတာရယ်
(ဇနီးသည်၏ ခွင့်ပြုချက်ပါပြီး) န့ဲ Whisky ကိုတာဝန်ယူပါရစေဆိုတ့ဲ အကြောင်း Phone Message
ပို့လိုက်ပါတယ်၊ ကိုဇစ် က မူလအစီအစဉ် အတိုင်းမဖြစ်နိုင်တော့တဲ့ အတွက် အားလုံးစုံမှ လမ်းကြောင်း
အသစ်ကို ရွှေးမယ် ဆိုတာန့ဲ နေ့ခင်းစာကို သူစီစဉ်ပြီးဖြစ်ကြောင်း အိမ်မှာ အတူစားပြီးမှ ထွက်ရိုက်မှာ လို့ပြော ပါတယ်၊
နောက်နေ့မနက် စောစောထ ကျွန်တော့်ဘ၀ဖေါ်ရဲ့ တတွတ်တွတ် မှာကြားချက်တွေဖြစ်တဲ့
“အရမ်းသောက်မလာနဲ့နော်၊” “စောစောပြန်နိုင်အောင်လုပ်၊” “အချင်းချင်းတွေနဲ့လဲစကားမများစေနဲ့၊”
“စကားလုံးကြမ်းတွေ မသုံးမိစေနဲ့” “ဒီည appointment တစ်ခုနဲ့ Dinner ရှိတယ်နော်" ဆိုတာတွေကို “I
am not yesterday born”, “I know very well”, “I will be back about 6pm” တို့နဲ့ ဖြေရှင်းခဲ့ပြီး
မနက် ၉ နာရီလောက်မှာ အိမ်ကထွက်ပြီး ကိုဇစ် နေတဲ့ Toa Payoh အိမ်ကို ၁၀ နာရီ အရောက်မှန်းပြီး
လက်စွဲတော် Canon လေးန့ဲ ငှက်သွင် ပျံကြွမတက် ထွက်ခဲ့ပါတော့တယ်၊.
စိတ်ငြိမ်တ့ဲ Toa Payoh အိမ်မှာတော့  ချစ်သော အပေါင်းဖေါ်တို့ကို Computer တစ်လုံးန့ဲ
အလုပ်လုပ်ရင်း စောင့်နေတ့ဲ ကိုဇစ်ကို အခန့်သင့် အိမ်ရှေ့မှာ တွေ့ ရပါတယ်၊ ကိုဇစ် က ရင်နှီးစွာ “ဟာ ..
ကိုထင်လင်း လာဗျာ… တခြားလူတွေတော့ .. မရောက်ကြသေးဘူး .. လာဗျာ .. အထဲဝင်”
လို့တဆက်တည်း ပြောရင်း ထလာပါတယ်၊ ကျွန်တော်လဲ ကင်မရာအိပ်ကိုချ အသာဝင်ထိုင်ပြီး “ သြော်
တော်သေးတာပေါ့ .. ကျွန်တော်ကနောက်ကျပြီ မှတ်တာ .. သူတိုတွေက ဘယ်တော့လောက်ရောက် မလဲ”
ဘာညာပြောပြီး နှစ်ယောက်သား ၀ရံတာဖက်ထွက်ကာ တခြားသူတွေကို စောင့်ရင်း စကားတွေ
ဖေါင်နေကြတယ် ပေါ့ ...
ကိုဇစ် က Art ၊ Photographic ၊ ဓါတ်ပုံရိုက်ခြင်း၊ ဘ၀ အကြောင်း၊ ပန်းချီဆရာတွေ အကြောင်း၊
အလုပ် အကြောင်း စတာတွေကို ရှင်းပြ ပြောပြ သလို ကျွန်တော်ကလည်း ကျွန်တော့် ဘ၀ နဲ့ အလုပ်၊ရေးမိတဲ့ Post တွေ ၊ ခံစားမိတ့ဲ ပုံတွေ အကြောင်း ပြောကြရင်း အခြားဘော်ဘော် တွေကို
စောင့်နေကြပါတယ်။.
ကိုဇစ် ဟာ အပေါင်းအသင်းတွေကို အတော်ချစ်ခင်ပြီး၊ ဗဟုသုစုံသူ တစ်ယောက်ဆိုတာ
သတိပြုမိခဲ့ပါတယ်၊ ကိုဇေယျာလှိုင် အလုပ်က အတော်ပင်ပန်းတယ် .. ညက Night Shift ဆင်းရပေမယ့်
သူကလာမှာပဲ .. ကိုနိုက် ကိုဒီးဒီး တို့ပါ ပါမှာ.. အခုလည်း ဖုံးဆက်ပြီး Wine ၀ယ်လာမယ် ပြောတယ်..
ဈေးကြီးတယ် မ၀ယ်နဲ့ပြောလဲ မရဘူး ဟု တပြုံးပြုံးနဲ့ ပြောပြ နေပါတယ် ….
ဒီလိုန့ဲ ပြောနေကြရင်း ကိုဇစ် က ၀င်းပတ့ဲ မျက်နှာနဲ့ “ဟော .. လာကြပြီ ဆိုလို့ လှည့်ကြည့် လိုက်တော့ Corridor ရဲ့ တဖက်ကနေ လာနေတ့ဲ ရှေ့ဆုံးက ကိုနိုက် နောက်က ကိုဒီးဒီး နဲ့ ကိုဇေယျာလှိုင် တို့ လျှောက်လာနေတာတွေ့ ရပါတယ်၊ ဒီလိုနဲ့ ရင်းနှီးစွာ နုတ်ဆက်ကြ ၊ ပစ္စည်းတွေ နေရာချ ၊ နောက်ကြ ပြောင်ကြ ၊ ကိုဇစ် ရဲ့ ထာဝရလက်တွဲ ဖေါ် မမိုး ကိုနုတ်ဆက်၊ ကင်မရာတွေ ဆွဲထုတ် အိမ်ရှေ့ အိမ်ထဲ အိမ်နောက် လှည့်ပတ်ရိုက်ကြ ပါတော့တယ်။ ကိုဇေယျာလှိုင် နဲ့ ကိုနိုက် တို့ လက်က အဆက်မပျက် ရိုက်ရင်း ပါးစပ်ကလဲ ကိုဇစ် ကို ၀ယ်လာတဲ့ Red Wine ပုလင်းဖွင့်ရန် ခွက်စီစဉ်ပေးရန် ပုလင်းကို ခွက် ပန်း တို့နှင့် တွဲပြီး ရိုက်ဖို့ ခုံယူပေးပါ စသည်ဖြင့် မရပ်မနား အလုပ်များ ကြပါတော့တယ်။
ပထမတစ်ခွက် Cheers လုပ်အပြီးမှာတော့ အားလုံး ၀ရံတာတွက်ထိုင်ကြပြီး Art ၊Fine art photographyဖွင့်ဆိုချက်တွေ န့ဲ အခြား Camera န့ဲ ပတ်သက်တဲ့ အကြောင်းတွေ ဆွေးနွေး ဖြစ်ကြပါတယ်၊ ကိုနိုက် က ကျွန်တော့် Post တွေရဲ့ တချို့ အချက်တွေကို ထောက်ပြပြီး အားလုံးဝိုင်း ဆွေးနွေးကြပါတယ်၊ ညက
မအိပ်ခဲ့ရလို့ ဖျော့တော့ နေတ့ဲ ကိုဇေယျာလှိုင် ဟာ Red Wine လေးဝင်သွားချိန်မှာတော့  ပိုပြီးလန်းစမ်း
လာတာကို တွေ့ရပြီး ကိုဒီးဒီး က “မနေ့ညပွဲက အရှိန်တွေ ကျန်နေလို့ ဒုက္ခပါပဲ”..ဟု ပြောပြီး
ခြေသွက်လက်သွက်ဖြင့် သူ့ ခွက်ထဲ ထည့်သမျှ တစ်စက်မကျန်သောက်ရင်း လက်စွဲတော် Camera
တဖြောင်းဖြောင်းနဲ့ လက်စမ်း နေပါတော့တယ်၊ ကိုဇစ် ကတော့ ဘော်ဘော်တွေ လုပ်သမျှ ပြုံးပြုံး .. ပြုံးပြုံး
နဲ့ ကြည့်ပြီး လိုသမျှ လိုက်လုပ်ပေး နေလေရဲ့……Red Wine နှစ်လုံး ကျဆုံး သွားချိန်မှာ ကိုဇစ် ဟာ သူ့ရဲ့ Flash အသစ်လေး (နေ့ခင်းမှာ
ကျွန်တော့်ကြောင့်ကွဲ) နဲ့ Equipments လေးတွေကိုထုတ်လာတော့ အားလုံး စမ်းကြည့်၊ အကြံပြု
လုပ်ကြပြီး ကိုဇစ် ရဲ့ Photo Creation တွေကို လေ့လာ၊ ကိုယ့်အထင်အမြင်တွေကို ပွင့်ပွင့်လင်းလင်း
ပြောကြ နဲ့ အတော်ပျော်စရာ ကောင်းပါတယ်။ ပြီးတော့ ကိုဇစ် စီစဉ်ထားတဲ့ Singapore မှာ ရှားပါးတဲ့
ငါးသလောက်ချက်၊ မုန့်ဟင်းခါး တို့ နဲ့ နေ့ခင်းစာ ကို လွေးကြပါ တော့တယ်၊ စားပြီး ဆေးလိပ်လေး နဲ့
ခဏနှပ်ပြီး ခရီးစဉ်စဆွဲကြတော့ ကိုဇေယျာ က Serangoon မှာ ၀တ်စုံပြည့် နဲ့ အိန္ဒိယသူ၊ ကိုနိုက် နဲ့
ကိုဒီးဒီး က Portrait ၊ ကိုဇစ် နဲ့ ကျွန်တော်က “Up to you” စသည်ဖြင့် အကြံပြုကြပြီး နောက်ဆုံး ကိုဇစ်
ပြောတဲ့ “မှော်ရုံသွားမယ် အားလုံး ဟာ တလှည့် Model ၊ တလှည့် Shooter လုပ်မယ် ၊ ကမ္ဘာကျော်
ဝတ်ရုံက အစ အားလုံး သယ်သွားမယ်” ဆိုတာကို အားလုံးသဘောတူ ကြပါတယ်၊.
ကိုနိုက် နှင့် ကိုဒီးဒီး တို့ နှစ်ယောက်က Flash, Stand စတာတွေကို တက်ညီလက်ညီ စီစဉ်ကြပြီး
ကျွန်တော်တို့ အုပ်စု ထွက်ခြဲ့က ပါတော့တယ်၊ ကိုနိုက် နှင့် ကိုဒီးဒီး တို့ဟာ Camera နှင့် ဆက်စပ်
ပစ္စည်းတွေ အသုံးချမှု သိမြင်မှု တွေမှာ အတော့်ကို ကျွမ်းကျင် နှံ့စပ်ကြပါတယ် တော်တော် အတွဲညီတ့ဲ
နှစ်ယောက်ပါပဲ …. တခြားနေရာတွေမှာပါ အတွဲညီတာကိုလဲ နောက်ပိုင်းမှာ တွေ့ရပါတယ် …ဒီလိုနဲ့ ကိုဇစ် ရဲ့ ဦးဆောင်မှုရဲ့ နောက်ကနေ တွေ့ တဲ့ ရှုခင်း၊ ပန်း၊ ငှက်၊ ကောင်းကင်၊ ငါးမျှားနေသူ
စတာတွေကို ကိုနှစ်သက်တဲ့ဟာတွေ ရိုက်ရင်း ပန်းတိုင်ကို ချီတက်ခဲ့ ကြပါတယ်၊ ၁၅ မိနစ် မိနစ် ၂၀
လောက်ကြာလျှောက်ခြဲ့ကပြီး Potong Pasir Mrt အရောက်မှာ ဘော်ဘော် တစ်ယောက်ကို စောင့်ရင်း
ခဏနားကြပါတယ်၊ကိုဇစ် ကလွဲလို့ ကျန်လူတွေကလဲ မောနေကြပြီလေ၊ ကိုနိုက် တစ်ယောက်က
စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်းနှပ်နေချိန်၊ ကိုဇေယျာ နဲ့ ကိုဒီးဒီး က ကားမစီးလို့ ကိုဇစ် ကို
ဂျီတွန်နေတုန်း … မကြာပါဘူး….လာပါပြီ နောက်ထပ်တစ်ယောက် ..မသက်စု။.
ဘာမှစားမလာရသေးတဲ့ သူက မုန့်စားေ၇သောက်လေး လုပ်ပါရစေ ဆိုတော့  အားလုံးဝမ်းသာ သွားတယ.် .ကျွန်တော်က အပျော်ဆုံးပေါ့ … ဘာလို့လဲဆိုတော့ ဆေးလိပ်၊ ဘီယာ တို့ကြောင့် ထွက်နေတဲ့ ဗိုက်ကို ထမ်းပြီး လာရတော့ … အတော့်ကို လူကို ဖါးနေပြီလေ .. ဒီတော့နဲနဲ အချိန်ပိုနား ရရင်လဲ မဆိုးဘူးလေ..
.
Mrt ကနေ ဆက်ထွက်လာတော့ မိုးက စဖေါက်လာပါတော့တယ်၊ ရိုက်မယ့် နေရာရောက်တော့ မိုးက
ပိုစိတ်လာ တော့ ကိုဇစ် နှင့် ကိုဒီးဒီး တို့က မဖွင့်ရသေးတဲ့ Mrt Building ထဲမှာပဲ မိုးစောင့်ရင်း ရိုက်မယ်လို့
ဆုံးဖြတ်ကြပြီး ကိုနိုက် ၊ ကိုဒီးဒီး ၊ ကိုဇစ် တို့တတွေ Flash တွေ Stand တွေ ကို စပြင်ကြတယ်၊ ကိုဇေယျာ
ကတော့ မိုးဖွဲလေးတွေ အောက်မှာ မရမက Close up လိုက်ဆွဲနေ ပါတယ် သူက စကားကို
ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်ပြောတတ်ပေမယ့် အနုအလှနဲ့ စိတ်ခံစားချက် ကြီးသူ တစ်ယောက်ဆိုတာ
နားလည်မိ ပါတယ်။.
ကိုနိုက် တို့ပြင်ဆင် နေတာကို ကိုဇစ် နဲ့ ကိုဇေယျာတို့ မသက်စု ရဲ့ Camera ကို မေးကြ၊ စမ်းရိုက်ကြ
ဆွေးနွေးကြရင်း စောင့်နေကြ ပါတယ်၊
ကိုနိုက် ကစလိုက်တယ် “ကဲ စလို့ရပြီ” လို့ ကြေငြာ လိုက်တာနဲ့ ..
ကိုဇစ် : “ ဇေယျာလှိုင် Model စလုပ်တော့ကွာ”
ကိုဇေယျာ : “မင်းတို့ကလဲ .. ငါ့ချည်းပဲ … ငါကလဲ လက်ပဲမြှောက်တတ်တာ .. ဒါပေမယ့်လဲ ငါပဲ” လို့
ပြောရင်း ဘော်ဘော်တွေ လိုချင်သလို မငြီးမငြူ Model လုပ်ပေးပါတယ်၊ ပြီးတော့ ကိုဒီးဒီး၊ ကိုဇစ်၊ ကိုနိုက်
နှင့် ကျွန်တော်တို့ တစ်ယောက်တလှည့် Model လုပ်ကြ Shot ကြ။ မသက်စုကတော့ ပြုံးပြုံးကြီး ကြည့်လို့ ..
ပြီးတော့ ပစ္စည်းတွေရွေှ့ နေရာပြောင်းရိုက် ဗဟုသုတလဲရ ပျော်စရာလည်း ကောင်းပါတယ်၊ ကိုနိုက်
ကတော့ ဘယ်ညာသန်သူလို့ ဆိုရအောင် Canon ကော Nikon ကော Setting တွေကြည့်ပေး၊ ချိန်ပေး
ပါတယ်၊ပစ္စည်းတွေ ဖြုတ်ပြီး တောထဲဝင်မယ် ဆိုတော့ ကျွန်တော်လဲ ကူသိမ်းမယ်ဆိုပြီး Stand ကို အကိုင်
“မောင်မင်းကြီးသား Flash က ပေါ်ကနေ ပြုတ်ကျပြီး ကွဲပါတော့တယ်” ကျကွဲသွားတဲ့ ဟာက ကိုဇစ် Flash
အသစ်လေး …. ကိုဇစ် ကလဲပြေးလာ .. ဘယ်လိုပြန်တပ်မလဲ ပေါ့ … နှစ်ယောက်သားပြန်တပ်တော့ ..
ရတော့ရတယ် ဒါပေမယ့် Battery Cover ကို ကြိုးနဲ့ချီပြီးမှ သုံးလို့ရမယ် … တော်တော့်ကို
စိတ်မကောင်းဖြစ် သွားရပြီး ကျွန်တော် တန်ဖိုးပြန်ပေးပါ့မယ် ပြောပေမယ့် “ရတယ် .. ကိုထင်လင်း .ရတယ်
ကျွန်တော် သုံးလို့ ရတယ်” လို့ အတန်တန် ဆိုပြီး အိပ်ထဲ သိမ်းလိုက်ပါတော့တယ်၊ သူကသုံးလို့
ရတယ်ပြောပေမယ့် အကွဲဟာ အသစ်ပြန် မဖြစ် နိုင်တော့ဘူး ဆိုတဲ့ အသိရယ်၊ သူ့ရဲ့ ခင်မင်
အားနာတတ်တာရယ်ကြောင့် ပိုပြီးစိတ် မကောင်းဖြစ်ခဲ့ ရပါတယ်။.
တစ်ဖွဲ့လုံး တောထဲဝင် ပတ်လျှောက်ရင်း တွေ့တာလေးတွေ ရိုက်ရင်း တောထဲက အထွက်မှာ
နေညိုနေပါပြီ၊ မိုးကြောင့် ထင်တိုင်း စိတ်ကြိုက်ရိုက်ခွင့် မရခဲ့တဲ့ ဒေါသတွေကို ဂျော်နီ အပေါ်ပုံချရင်း ဒင်းကို
အပြတ်ဖြတ်ဖို့ ဆုံးဖြတ် လိုက်ကြပါတယ်၊ ကိုနိုက် နဲ့ ကိုဒီးဒီး ကတော့ ကျားတွေကို သတ်ချင်တယ် လို့
ဟစ်ကြွေးကြတယ် .. ကိုဇေယျာလှိုင် ကတော့ မသိနိုးနားလေး .. ငေးကြည့် လို့ .. နောက်ဆုံးတော့ ကိုဇစ် က ဂျော်နီ၊ ကိုနိုက် နဲ့ ကိုဒီးဒီး တို့က ကျား ….တွေ့ကြပြီ။ ကျွန်တော်က ရှာမယ် ဖမ်းပေးမယ်၊ စပြီ … ဂျော်နီ ဆိုတဲ့ကောင် အပုန်းကောင်းလို့ အင်္ဂလန်ဘုရင် King Robert ကိုမိခဲ့ တယ်။.
ဒီကောင်ကို ဖမ်းလာတုန်း ကိုဒီးဒီး က ကျား ၃ ကောင်ဖမ်းထားပြီ … ညီလိုက်ဘော်ဘော်တွေ .. မသက်စု
က ဘဲကင်၊ အခေါက်ကင် တွေနဲ့ သူရဲကောင်းတွေ ကို နှခေါင်းရှုံပြီး လှုပါတယ၊် ကိုဇစ် က King Robert
ကိုပဲ အညှိုးကြီးကြီးန့ဲ နှိပ်ကွပ်လိုက်တာ အငယ်ကောင် အိမ်ရှေ့မင်းသားလေးပါ ကြွသွားတယ်၊ ကိုနိုက် နဲ့
ကိုဒီးဒီး တို့က ကျားတွေ တစ်ကောင်ပြီးတစ်ကောင် သတ်၊ ကိုဇေယျာ နဲ့ ကျွန်တော်ကတော့ King Robert
ကော ကျားပါ ရောသမပြီး ဗျင်း ကြရင်း နာကျည်းမှု ဂလဲ့စားခြေကြ ပါတယ်..
.
စကားတွေ ဖေါင်ဖွဲ့ ပြောကြတော့ ရှေ့ဆက်လုပ်မယ့် Plan လေးတွေ၊ နိုင်ငံတကာ Art နဲ့ Art
Photography တွေ၊ ဂျပန်က စာပေ အကြောင်း တွေ ဆွေးနွေး ၊ ပျော်စရာဘ၀လေး တည်ဆောက်ချင်လို့
နုံခြာတဲ့ အနေအထားကို ရင်ဆိုင်တော့မယ့် သူတစ်ယောက် အကြောင်း၊ ဓါတ်ပုံတွေ အကြောင်း၊
အိမ်ထောင်သည် တို့ရဲ့ Controller တွေ အကြောင်း၊ လက်ရှိအလုပ်တွေ အကြောင်း စသည် .. စသည်တို့
ပြောဆိုရင်း နောက်ဆုံး Mrt ရထားကို မှီရန် လူစုခွဲ အိမ်ပြန် ခဲ့ကြပါတော့ တယ်။
.
အိမ်အရောက်မှာတော့  နှ၊ဲ တယော၊ ဗုံတို ဗုံရှည်၊ ဗျက်စောင်း တို့ နှင့် တကွ England ဘင်သံပါပေါင်း၍
ရှုမငြီး သည့် ချစ်ဇနီး မှ နံက်ခင်း မှာကြားချက်များကို အံ့သြဖွယ်ရာ တစ်ခုမှမလိုက်နာ ခဲ့၍ မနားတမ်းဧည့်ခံ
ပါတော့သည်။ သို့သော် ကျွန်တော်ဟာ လျင်မြန်လွယ်ကူစွာ အိပ်ပျော်ခြင်းဖြင့် ချစ်သောဇနီး ကို
အောင်နိုင်ခဲ့ ပါတော့တယ်၊ သူငယ်ချင်းတို့ လည်းအောင်မြင်ကြပါစေ လို့ဆုတောင်းရင်း …
Sky Blue
08.11.10
Friday, November 5, 2010
Fine Art Photography ဆိုတာ ဘာလဲ??
ယုံကြည်အောင်မြင်မှု ရရှိထားပြီး ကိုးကား အားထားရသော site နှစ်ခုမှ Fine Art Photography
ကို ဖွင့်ဆိုရာတွင် စကားလုံး အနှစ်သာရ တူညီနေကြသည် ကိုတွေ့ ရပေသည်။.
ကမ္ဘာ မှလက်ခံ ယုံကြည်မှု ရရှိထားသော သြဇာ ဂုဏ်သိက္ခာရှိသော Wikipedia မှ Fine Art
Photography ကို ယခုလို ဖွင့်ဆိုထားပါသည်၊ ပုံတို့၏ အရည်အသွေး မြင့်မားမှု ရရှိအောင်
Photographic ဖြင့် ထုတ်သည်ဆိုရာတွင် Professional တဦးခြင်းတို့၏ ဖန်တည်းမှုအမြင်
ဖြင့်ဆောင်ရွက်ထားသော ဖန်တည်းထားသည့် Photography ဖြစ်သည်။.
Merriam ကတော့ Fine Art Photography ဆိုတာ လှပသော အရာဝတ္ထု ပုံရိပ် တခုကို
အခြေခံကျစွာ အနုပညာ နှင့် ပေါင်းစပ်ဖန်တည်းခြင်း ဖြစ်သည်ဟု ကျယ်ပြန့်စွာ ဖွင့်ဆို
ထားလေသည်၊ အထက်ပါ ကျယ်ပြန့်တဲ့ အခြေခံ ဖွင့်ဆိုချက်နှစ်ခုအရ လှပသိမ်မွေ့အောင်
ပြုလုပ်ထားတဲ့ မည်သည့်အရာ မဆို Fine Art Photography ရဲ့ အပိုင်းတခု ဖြစ်သည်၊ သို့သော်
ကြည့်သူ၏ မျက်စိတွင် လှပနေရပေမည်။ ထို့ကြောင့် Fine Art Photography ပြုလုပ်ဖန်တည်း
ရာတွင် သဘာဝတရား အတွင်း မှသာ ဖြစ်ရမည်။.ဒီဖွင့်ဆိုချက်တို့၏ တူညီမှုမှာ Find art photography ဆိုသည် အလှတရား ဖြစ်သည်၊ Wikipedia
၏ ပုံ၏ အရည်အသွေး ပိုမိုမြင့်မား သော Photographic နှင့်ထုတ်သည် ဆိုခြင်းသည် Merriam
၏ လှပသော အရာဝတ္ထု ဆိုသကဲ့သို့ပင် ဖြစ်သည်။.
အချို့သော ကိုးကားစာအုပ်တို့၏ Fine Art Photography ဖွင့်ဆိုချက် တွင် ရောင်းချရန်
သို့မဟုတ် ပြသထားရန် Photographer ဖန်တည်းမှု အမြင် ပြုလုပ်ထားသော ပုံ ဟုဆိုသည်၊
ဤသည်လည်း Wikipedia ၏ Fine Art Photography နှင့် မထူးမခြားနားပင် ဖြစ်လေသည်။.
အချို့သော Websites များဖြစ်သည့် movement in England နှင့် United States တို့၏
ဖွင့်ဆိုချက်ဖြစ်သည့် Fine art ဆိုသည်မှာ Camera ဖြင့် ဖန်တည်းထားသည် ဆိုသည်မှာလည်း
အထက်တွင် ဖေါ်ပြခဲ့သော ဖွင့်ဆိုချက်တို့ နှင့်တူပေသည်။.
ထိုသို့ဆိုသော် Fine Art Photography ဆိုသည်မှာ ဘာလဲ? ဟု မေးခွန်း နှင့် ပတ်သက်၍
များစွာသော ဖွင့်ဆိုချက်များကြောင့် ပိုမိုရှုပ်ထွေးလာရသည်ဆိုသော်လည်း ဖငွ့်ဆိုချက်တို့သည်
လေးစားဖွယ်ပင်ဖြစ်သည်၊ ဓါတ်ပုံရိုက်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်သည် ဆိုသည်ကို
ကျွန်တော်တို့ အားလုံးလက်ခံပြီးဖြစ်သည်၊ သို့သော် အားလုံးသော ဓါတ်ပုံတို့ကို Fine Art
မဟုတ်ဆိုသည်ကို သင်လက်ခံပါသလား? သင်သေချာပေါက် လက်ခံနိုင်မည်မဟုတ်ပေ၊
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ အားလုံး Fine Art ဆိုသည်မှာ ကြည့်သူ၏
မျက်စိအမြင်တွင် လှပနေရမည် ဆိုသည်ကို သိထားကြ၍ ဖြစ်သည်၊ Fine Art သည်
အရာအားလုံးကို လှပအောင် သရုပ်ဖေါ်ခြင်း နှင့် အလှအပ ဆိုသည် မှာ လူတဦးစီ၏
ပိုမိုနှစ်သက်ခြင်း ပေါ်တွင် မူတည်သည်၊ ဓါတ်ပုံသမား တယောက်သည် သူ၏ပုံသည်
သူ၏ဖန်တည်းမှု အနုပညာ Fine Art ဟု ဆိုသော်လည်း အခြားသော ဓါတ်ပုံသမားတို့ နှင့်
ဝေဖန်ရေးဆရာ (critics) တို့က Fine Art မဟုတ်ဟု ဆိုကောင်းဆို နိုင်ပေသည်။.
သို့ဖြစ်၍ Fine Art Photography ဆိုသည် မည်သည့် အရာဝတ္ထု မဆို တို့၏ ဓါတ်ပုံတခုမှ
ဖြစ်ပေါ်လာသည်၊ ပုံရိုက်ကူးသူ၏ မျက်လုံးအမြင်တွင် လှပနေသော အရာဝတ္ထုပုံဟု ဆိုလျှင်လည်း
လက်ခံ ရမည်ပင်ဖြစ်သည်။Sky Blue
Wednesday, November 3, 2010
အောင်မြင်သော Cameraman တို့၏ လျို့ဝှက်ချက်
6 Secrets to become a successful Cameraman
အောင်မြင်သော Cameraman များဖြစ်ကြ ပါစေ။
Sky Blue
Harvey Glen ၏ Camera Carrer ကို ဘာသာ ပြန်သည်။
ပထမ အချက်သည် သင်ဟာ Professional ဆိုတဲ့ လူတေရွ့ဲ ပြောဆိုမှု ဆေွး နွေးမှုတွေကို အမြဲနားစငွ့်နေရပါမယ်၊ ဒါကို “ နေ့တိုင်းဟာ ကျောင်းတက်ရက်တွေ “ လို့ပဲ မှတ်ရပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ နေ့စဉ်နဲ့ အမျှထွက်နေတဲ့ နည်းပညာအသစ်တွေ မပြတ်လေ့လာနေ ရပါမယ်။ သင့်ရဲ့ ရှေ့တက်မယ့်လမ်းမှာ ဒီအချက်ကို အမြဲဆုပ်ကိုင်ထားရ
ပထမ အချက်သည် သင်ဟာ Professional ဆိုတဲ့ လူတေရွ့ဲ ပြောဆိုမှု ဆေွး နွေးမှုတွေကို အမြဲနားစငွ့်နေရပါမယ်၊ ဒါကို “ နေ့တိုင်းဟာ ကျောင်းတက်ရက်တွေ “ လို့ပဲ မှတ်ရပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ နေ့စဉ်နဲ့ အမျှထွက်နေတဲ့ နည်းပညာအသစ်တွေ မပြတ်လေ့လာနေ ရပါမယ်။ သင့်ရဲ့ ရှေ့တက်မယ့်လမ်းမှာ ဒီအချက်ကို အမြဲဆုပ်ကိုင်ထားရ
ပါမယ်။ ငါအားလုံးကို သိနားလည်နေပြီလို့ မှတ်ယူထားသူတွေဟာ အမြဲတမ်း အသစ်ထွက်ပေါ်နေတာတွေကို လေ့လာ
လေ့ကျင့်နေသူတွေရဲ့ နောက်မှာ အမြဲကျန်ရစ်နေ ပါလိမ့်မယ်၊ ဒီအချက်ဟာ အတော်များများသော
လုပ်ငန်းလမ်းကြောင်းတွေ အတွက် အမြဲမှန်ကန်ပါတယ်၊ ဒီကနေ့ Cameraman တို့ရဲ့ တိုးတက်တဲ့ ကမ္ဘာမှာ
အမြဲပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သင်ဟာ ဒီအချက်ကို လုံးဝ လျစ်လျုရှုလို့ မရဘူး ဆိုတာမှတ်ထား
ရပါမယ်။
ဒုတိယ အချက်ကတော့ မြင်တတ်မှု နဲ့ အမြင်စူးရှမှု (Good Eye) ဟာလဲ သင့်ကို Successful Cameraman ဖြစ်စေဖို့
အထောက်အပံ့ လှို့ဝှက်ချက် တခုပဲပေါ့။ ဒါဟာ ကောင်းမွန်တဲ့ ရိုက်ချက်တွေကို ရိုက်နိုင်တဲ့ အားသာချက် တခုပါပဲ၊
ပုံရိုက်သူရဲ့ လိုအပ်တဲ့ စွမ်းရည်တစ်ခုလည်း ဖြစ်ပါတယ်၊ ဆိုချင်တာကတော့ ဘယ်လိုဆိုရင်ကောင်းမယ်
ဘယ်လိုဆိုရင် မကောင်းဘူး ဆိုတာတွေကို ခွဲခြား သိမြင်နိုင်ခြင်း ပါပဲ။ ဒီအတွက် အချိန်လိုအပ်ပါတယ် ဒါပေမယ့်
တချို့က ပုံမှန် လူတော်တော်များများမှာ ရှိတဲ့ အဆင့်ထက် ပိုသာနေတတ်ပါတယ်၊ အကယ်လို့ ဒီလူဟာ
သင်ဖြစ်ခ့မဲ ယ် ဆိုရင်တော့ သင့်မှာ Cameraman ကောင်းတယောက်ဖြစ်ဖို့ ခိုင်မာသေချာတဲ့ အချက်တခု ရှိနေပြီလို့
ဆိုရပါမယ်
တတိယ အချက်ဟာဖြင့် သင်ဟာ စိတ်တည်ငြိမ်ပြီး ဖိအားတွေရဲ့အောက်မှာ လျင်မြန်စွာ လုပ်ကိုင်တတ်တဲ့
စွမ်းရည်ရှိခြင်း ဖြစ်ပါတယ်၊ စိတ်ဖိစည်းမှုတွေ ပြည့်နေချိန်မှာ သင့်ရဲ့ မျက်နှာမှာ အမြဲအပြုံးတခုကို
ဆောင်ထားရပါလိမ့်မယ်။ Cameraman ဆိုတဲ့ အဆင့်ဟာ အလွန် စိတ်ဖိစည်းမှုများနိုင်တာကို သင်သိမှာပါ
ဘာကြောင့်လဲဆိုတော့ ပုံရိုက်ယူနေစဉ် ကန့်သက်ချိန် ဆိုတာကြောင့်ပါပဲ၊ အကယ်၍ သင်ဟာ တစုံတခု အဖြစ်အပျက်
ရှုခင်း တခုကို ရိုက်နေချိန်မှာ အလွန်တိုတောင်းတဲ့အချိန်အတွင်း သေသပ်ကောင်းမွန်တဲ့ ပုံကိုရရှိဖို့ သင့်ကိုယ်သင်
ယုံကြည်မှု နဲ့ တည်ငြိမ်မှု တို့ကလည်း တချိန်တည်း ရှိနေ ရမှာဖြစ်ပါတယ်။ သေချာ ကောင်းမွန်တဲ့ အပြီးသတ်
ရလဒ်တွေနဲ့ သင့်ရဲ့ Professional ဆိုတဲ့ အဆင့်အတန်းကို မဖြစ်မနေ သင်ထိမ်းထားရပါမယ်။ ဒါကတော့
အောင်မြင်တဲ့ ကင်မရာဆရာ တေရွ့ဲ နားလည်ယုံကြည် လိုက်နာကြတဲ့ လျှို့ဝှက်ချက် တခုပဲဖြစ်ပါတယ်။အောင်မြင်သော ကင်မရာဆရာ တွေရဲ့ စတုတ္ထ လျှို့ဝှက်ချက်ကတော့ တယောက်တည်း အလုပ်လုပ်နိုင်စွမ်း ရှိသလို
အများအစုအဖွဲ့နဲ့လည်း တွဲဖက်လုပ်ဆောင် နိုင်စွမ်း ရှိခြင်းဖြစ် ပါတယ်။ သင်မှာ သင်တဦးတည်းလုပ်ဆောင်ခြင်း နှင့်
ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ နှစ်ခုလုံး ရှိနေဖို့လိုအပ်ပါတယ်။ လူအမျိုးမျိုး တို့ရဲ့ မတူညီတဲ့ အပြုအမူ၊ အပြောအဆို၊
အနေအထိုင်၊အကျင့်အကြံ တွေကို သင်ဟာ ကောင်းစွာ သိရှိမှာဖြစ်တယ်၊ အောင်မြင်တဲ့ကင်မရာသမားတွေမှာ
စိတ်ဝင်စားမှု ရှိသော (Enthusiastic)၊ စိတ်ဓါတ်ပြင်းပြသော (Passionate)၊ တိကျသေချာသော (Positive)
အတွေးအခေါ်သစ်တွေကို စဉ်းစားတွေးတောရန် လိုလားသော (Open-minded)၊ ဆုံးဖြတ်ချက် (Determined)
ဆိုတွေရှိပါတယ်။ပဉ္စမ အချက်ဟာဖြင့် ပုံကောင်းတွေ တွက်အောင် အမြဲတမ်း စိတ်အားထက်သန်မှု နှင့် အကောင်းမြင်မှု တွေနဲ့ ရှေ့ရှု
ခြင်းပေါ့၊ အကောင်းမြင်တတ်မှုက ကောင်းသော သဘောထားတွေဖေါ်ဆောင်နိုင်ပြီး အမြဲတမ်း သင့်ကို
သင့်ပြိုင်ဖက်တွေ ထက်မြင့်အောင် တွန်းပို့ သွားပါလိမ့်မယ်။ဆဋ္ဌမ အနေနဲ့ ပြဿနာ တခုကို အကောင်းဆုံးဖြေရှင်း နိုင်မယ့်နည်းလမ်းကို ရှာဖွေခြင်း ပါ၊ Cameraman
တယောက်အတွက် အဆက်မပျက် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်ပါတယ်၊
သင်ဟာတည်တည်ငြိမ်ငြိမ်နေနဲ့ ဖြေရှင်းနိုင်တဲ့ အနေအထား မှာရှိတဲ့ စွမ်းရည် လိုအပ်ပါတယ်၊ ဒါဟာဖြင့် သင့်ရဲ့
Profession အတွက် အမြဲတမ်းယူဆောင်သွားရမှာပါ ဒါကြောင့် ဒီအရည်အသွေးကို မြင့်မားအောင် လုပ်ဖို့
သင့်ရဲ့ထောက်အပံ့အဖြစ် အစောဆုံးကတည်းက လိုအပ်ပါတယ်။အောင်မြင်သော Cameraman များဖြစ်ကြ ပါစေ။
Sky Blue
Subscribe to:
Posts (Atom)